Sat Mi Sat Yar (feat. Kaung Myat & Nge Nge) [Live / 2019]
ငါ့အလုပ်ကတော်တော်ရှုပ်တယ်
စိတ်ကတော့နည်းနည်းပုပ်တယ်
ကိုယ့်ထမင်းကိုကိုယ့်ဟာကိုယ်စားပြီး
ရပ်ကွက်ထဲအတင်းတွေလိုက်ပြီးအုပ်တယ်
ဘာတွေသိချင်လဲပြောပါဟုတ်ကဲ့
နာမည်ကြီးတဲ့သူတွေနဲ့ဗရုတ်ဗရက်
သူတို့အတွင်းရေးသတင်းစုံအစုတ်အပဲ့
ကြားကနေပြီးအရောင်းအဝယ်လုပ်မယ်
ဟိုမင်းသမီးတကယ်ကိုရှုပ်တယ်
အဆိုတော်လေးဘက်ကတော်တော်ငုပ်တယ်
ဟိုသတင်းရောကြားပြီးပြီလား
ဟိုတစ်ယောက်ကဟိုဟာတွေလုပ်တယ်
ပတ်သက်သမျှ သတင်းတွေအကုန်ဝယ်တယ်
နတ်မျက်စိရချင်နေပါတယ်ကွယ်
အရပ်တကာလှည့် လမ်းတကာထဲ
ထီးဖြူပြီး ဖိနပ်တွေပါးတော့မယ်ဟယ်
သူများအကြောင်းလေး မပြောတတ်ပါ
စပ်မိစပ်ရာ ကွိစိကွစ
သူများအကြောင်းလေး မပြောတတ်ပါ
စပ်မိစပ်ရာ ဘာညာကွိကွ
သူများအကြောင်းလည်း မပြောတတ်ပါ
စပ်မိစပ်ရာ ကွိစိကွစ
သူများအကြောင်းလည်း မပြောတတ်ပါ
စပ်မိစပ်ရာ ဘာညာကွိကွ
အပိုတွေမဆိုပါ အမှန်အကုန်တွေသာဖြန့်ဖြူး
မရေရာမသေချာ အလိမ်အညာတွေကို မလုပ်သူ
မယုံရင်နေပါပုံပြင်လိုပဲထားပါ ထားပါ ထားပါ
အပိုတွေမဆိုပါ အမှန်အကုန်တွေသာဖြန့်ဖြူး
မရေရာမသေချာ အလိမ်အညာတွေကိုမလုပ်သူ
မယုံရင်နေပါ ပုံပြင်လိုပဲထားပါ ထားပါ ထားပါ
ထားပါ ထားပါ
ထားပါ ထားပါ
ထားပါ ထားပါ